ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

 

ညောင်ရွှေ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အတွက် ပြည်သူများအားပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးငြိမ်းချမ်းနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကညောင်ရွှေမြို့ဝင်မုခ်ဦးလမ်းဆုံ၊ မြို့မ မင်္ဂလာဈေး ဝန်းကျင်နှင့် ညောင်ရွှေ-ပေါင်းပိုင်းလမ်း‌ရှိ တိန့်နန်းတံတားတို့တွင် ပြည်သူများအား ိုဗစ်-၁၉ ရောဂါ မဖြစ်ပွား စေရေးအတွက် အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ် မနေတပ်ပြီးမှထွက်ရန်၊ လူစု လူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏဆေးကြောရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၀၀၀ ခုကို အခမဲ့တပ်ဆင် ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

နေမျိုးသူရိန်