လက်ပံတန်းမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် လုပ်ငန်း အတွက် (ဒုတိယ)အကြိမ် ထောက်ပံ့ ငွေပေးအပ်ပွဲကျင်းပ

လက်ပံတန်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ  မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် (ဒုတိယ)အကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီ အချိန် က လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ တောင်သူနည်းပညာပြန့်ပွားရေစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမင်းကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးမှူး ဒေါ်သန်းသန်းထွေးက အမှာစကား ပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက  ဒုတိယအကြိမ် အဖြစ်တစ်ဧကမျိုးကွဲနုတ်ပယ်ခြင်းအတွက်  (၅၀၀၀၀/−)ကျပ်နှင့် မျိုးစေ့သန့်စင်ခြင်းအတွက် (၁၅၀၀၀/−) အား  မြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့်ကျေးရွာအုပ်စု (၃၃)အုပ်စုရှိ တောင်သူ (၂၅၂)ဦး ၊ (၁၄၀၃) ဧက အတွက်ကျပ်သိန်း  (၉၁၁၉၅၀၀၀)အား တောင်သူ များအား ပေးအပ်ခဲ့ ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင်  တောင်သူများ စပါးမျိုးကောင်းမျိုးသန့်ရရှိစေရန် မိုးစပါးမျိုးစေ့ထုတ် (၁၄၀၃) ဧက စိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်အရ ကျေး ရွာ အုပ်စု (၃၃) အုပ်စုရှိ တောင်သူ (၂၅၂)ဦး ၊ (၁၄၀၃)ဧက အတွက်ပထမအကြိမ်တွင် (၁၁၇,၁၅၀,၅၀၀) ကျပ်နှင့် ဒုတိယအကြိမ်တွင် (၉၁၁၉၅၀၀၀)ကျပ် စုစုပေါင်း (၂၀၈,၃၄၅,၅၀၀)ကျပ်အား တောင်သူများသို့ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဝင့်နန္ဒာဌေး