မင်းကင်း စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးဆန်းဗိုလ်ဦးဆောင်သောအဖွဲ့နှင့် ချမ်းမြေ့စည် သာသနာ့ ရိပ်သာ ဆရာတော်ဥူးဇောတိကဓမ္မရံသီတို့က ခရီးသွား ပြည်သူများ အား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီးသွားမှတ်တမ်းများရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချမ်းမြေ့စည်သာသနာ့ရိပ်သာ ဆရာတော်မှ Mask(၃၀၀၀)ကို အခမဲ့ ကုသိုလ်ဖြစ်ပေးဝေလှူဒါန်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဘဝမီးအိမ် ပရဟိတအသင်း၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ တောင်တွင်းဒေသ ပရဟိတလူငယ်အသင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မင်းကင်း-ကနီ၊ မင်းကင်း-မုံရွာ၊ မင်းကင်း-ကလေးဝ၊ သလဘာ လမ်းဆုံများတွင် ခရီးသွားပြည်သူများကို Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီးသွား မှတ်တမ်း ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှငွေ(မင်းကင်း)