ကဝ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ငါးမွေးတောင်သူများကို ငါးသားပေါက် များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေး တောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့က အုန်းနှဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထိန်ဝင်းတို့မှ အုန်းနှဲကျေးရွာရှိ ငါးမွေးတောင်သူ (၅၀)ဦး၏ ငါးမွေးကန် (၆၁၇.၆၅) ဧကအတွက် ငါးသားပေါက်ကောင်ရေ(၆၅၀၃၈၅)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)