၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကျောက်မဲမြို့နယ်တွင် အထူးရဲ(၁၁၁)ဦး ခန့်အပ်သွားမည်

ကျောက်မဲ     စက်တင်ဘာ     ၁၄

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် (မိုင်းလုံမြို့၊ မိုင်းငေါ့မြို့အပါအဝင်)တွင်  မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၁၁ ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် လျာထားမဲရုံ(၁၁၁)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ(၁၁၁)ဦးကို ခန့်အပ်သွားမှာဖြစ်ပြီး အရန် ဦး ရွေးချယ်ထားကြောင်း၊ အထူးရဲများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ရွေးကောက်ပွဲအတွက် အထူးရဲများကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ရက်နေ့မှစ၍ ၂၀၂၀ပြည့်နှစ်၊  နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၆ ရက် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြီးချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)