အိမ်မဲမြို့နယ်ကျေးရွာ (၉၇)အုပ်စုအတွက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း ၃၀၀၀၀ လှူဒါန်း

အိမ်မဲ  စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကျေးရွာအုပ်စု(၉၇)အုပ်စုအတွက် နှာခေါင်းစည်း ၃၀၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။”အိမ်မဲမြို့နယ်မှာ ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ရပ်ကွက်(၅)ရပ်ကွက်နဲ့ ကျေးရွာပေါင်း(၅၀၅)ရွာက ပြည်သူတွေ ကိုဗစ်(၁၉)ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် မြို့နယ်ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကနေပြီးတော့ နှာခေါင်းစည်းအခု ၃၀၀၀၀ လှူဒါန်းပေးတာပါ။ ခုလှူဒါန်းပေး နေတာကတော့ မြို့ပေါ်က လမ်းသွားလမ်းလာတွေကို လှူဒါန်းပေးနေတာပါ။ ကျေးရွာကပြည်သူတွေအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်လှူဒါန်းပေးပါတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ပြောသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုဗစ်(၁၉) ရောဂါ ကူးစက်ခြင်းမှ ကာကွယ် နိုင်ရန် အိမ်မဲမြို့ထိပ်တွင် စစ်ဆေးရေးဂိတ် တစ်ခုနှင့် မိုဘိုင်းစနစ်ဖြင့် စစ်ဆေးသော နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး အဖွဲ့(၃) ဖွဲ့တို့မှ နေ့စဉ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)