မအူပင်မြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်

မအူပင်  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာဝန်ယူ ဆောင်ရွက်မည့် ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာစီမံကိန်းများ၊ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဖြည့်စွက်ခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း ရလဒ်များ ထုတ်ပြန်ခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ အညင်းပွားမှုဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်၊ မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု များကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း စသည့် အခြေခံကြသည့် လုပ်ငန်းစဉ် များအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်နှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ ဖြစ်ကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းသို့ မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၈၈)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဝင် ()ဦးနှုန်းဖြင့် ကိုဗစ်-၁၉ ကာလတွင် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အား လိုက်နာ၍ သင်တန်းအား နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း ()ချိန်ခွဲကာ သင်တန်း တစ်ချိန်လျှင် (၁၅)ဦး တက်ရောက်သင်ကြား လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ခိုင် (မအူပင်)