ကလေး စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ်ထိခိုက်မှု သက်သာစေရေး စီမံချက်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများအား ယမန်နေ့နံနက်ပိုင်းက ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တက်ရောက်လာကြသည့် မျိုးစေ့ထုတ်တောင်သူများအား ပိုးမွှားရောဂါကျရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ပေါင်းမြက် ရှင်းလင်းရာတွင် သိရှိရမည့်အချက်များအား ရှင်းလင်းပြသခဲ့ကြကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)