မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာ၌ စံကိုက်ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦများ တည်ဆောက်နေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုင်းပန်                     စက်တင်ဘာ                             ‌၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာ(သံလွင်မြစ်ဘေး)၏ စံကိုက် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦများ တည်ဆောက်နေမှုအခြေအနေအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ ညနေ (၅) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တာဆန်းကျေးရွာ၊ စံကိုက်ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦများအား "ကောင်းသွန်း"ကုမ္ပဏီမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စုစုပေါင်း(၁၂၉.၇၄)သန်းဖြင့် ဆေးပေးခန်း (၁)ခန်း၊ ၂ ခန်းတွဲအိမ်ယာ (၁)လုံး နှင့် ၃ ခန်းတွဲအိမ်ယာ (၁)လုံး တို့အား တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အလျား (၃၆)ပေ၊ အနံ (၄၂)ပေ၊ အမြင့်(၁၁)ပေ RCC တစ်ထပ် ဆေးပေးခန်း ဆောက်လုပ်မှုအခြေအနေ၊ အလျား (၃၂)ပေ၊ အနံ (၃၆)ပေ၊ အမြင့်(၁၁)ပေ RCC တစ်ထပ် (၂) ခန်းတွဲ အိမ်ယာ ဆောက်လုပ်မှုအခြေအနေများနှင့် အလျား (၃၇)ပေခွဲ၊ အနံ (၃၈)ပေ၊ အမြင့်(၁၁)ပေ RCC တစ်ထပ် (၃) ခန်းတွဲ အိမ်ယာဆောက်လုပ်နေမှု အခြေအနေများအား မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံး၏ ပြီးစီးမှုမှာ (၇၅) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

ဆန်းမြင့်(မိုင်းပန်)