သာယာဝတီမြို့၌ ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်

သာယာဝတီ စက်တင်ဘာ  ၁၆

           
ပဲခူးတိုင်းဒေသကြီး၊   သာယာဝတီခရိုင်၊   သာယာဝတီမြို့၌   ရပ်ကွက်/ ကျေးရွာအုပ်စု   ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချခြင်း ကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်ကအမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြား ပို့ချမည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင်   သင်တန်းနည်းပြ(၈) ဦးမှ   ရပ်ကွက်/ကျေးရွာအုပ်စု   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၏  တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊   မဲဆန္ဒနယ် သတ်မှတ်ခြင်း၊  မဲစာရင်းပြုစုခြင်း၊   မဲဆန္ဒနယ်  ပြင်ပရောက်နေသူများ  ကြိုတင်ဆန္ဒမဲပေးခွင့်ရှိခြင်း၊   အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်နေသူများ  ကြိုတင်မဲပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ မဲစာရင်း ရေးသွင်းခြင်း၊ မဲစာရင်းကြေညာ ခြင်း၊ ကော်မရှင်အဖွဲ့ခွဲများက ဆုံးဖြတ်ဆောင်ရွက်ခြင်း၊  မဲရုံကိုယ်စားလှယ်လောင်းနှင့်  အကူကိုယ်စားလှယ်ခန့်ထားခြင်း၊ မဲပေးရန် ပြင်ဆင်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း၊  မဲရုံပိတ်ချိန်တွင် ရောက်ရှိလာသော  မဲဆန္ဒရှင်များ  ဆန္ဒမဲ ပေး ခြင်း၊   လုံခြုံရေး တာဝန်ပေးအပ်ခြင်းနှင့် ဆန္ဒမဲရေတွက်ခြင်းစသည့် သင်ခန်းစာများကို စက်တင်ဘာလ (၁၆) ရက်နေ့မှ(၁၇)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု  ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ  ရပ်ကွက်/ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သင်ကြား ပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
သန့်ဇော်(သာယာဝတီ)