မြစ်သား၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်

မြစ်သား၊    စက်တင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် လုပ်ငန်းလမ်းညွှန်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ် ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရ သည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုအရ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဖွင့်လှစ်ခြင်းဖြစ်ပြီး  မြစ်သားမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း(၉၂) အုပ်စုရှိရာ (၁)အုပ်စုလျှင် သင်တန်းသား(၂)ဦးနှုန်းဖြင့် သင်တန်းသား(၁၈၀)ဦးအား (၆)ဖွဲ့ခွဲကာ တစ်ဖွဲ့လျှင်(၃၀)ဦး ဖြင့် တစ်ရက်လျှင်(၂)ကြိမ် ပို့ချပေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
သင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးနှင့် အဖွဲ့ခွဲဝင်  ဦးကျော်မင်းငွေ၊ ဦးအောင်ကျော်စိုးတို့က မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုလုပ်ငန်းလမ်းညွှန်၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ မြို့နယ်/ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏အခန်းကဏ္ဍ၊  တာဝန်နှင့်လုပ်ပိုင်ခွင့် များစသည့် ဘာသာရပ်များကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအချိန်ထိ (၃)ရက်ဖွင့်လှစ်သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)