ဝမ်းတွင်းမြို့နယ်ရှိ သမဝါယမအသင်းသားများအား “စုဆောင်းပေါ်အတိုးရငွေ”များပေးအပ်

ဝမ်းတွင်း၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်းရှိ သမဝါယမအသင်းသားများအား စုဆောင်းပေါ် အတိုးရငွေများ အားပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျေးရွာ များသို့ကွင်း ဆင်းပေးလျက်ရှိ ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာလအတွင်း အသင်းသား တောင်သူများအား ရောဂါကြိုတင်ကာကွယ်ရေးတွင် အထောက်အကူဖြစ် စေရန် အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အနေဖြင့် မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့်မြို့နယ်အသင်းစု အမှုဆောင်များပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ၏ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ ကျေးရွာများ အရောက်ကွင်းဆင်း၍စုဆောင်းပေါ် အတိုးရငွေ များ ကို ထုတ်ပေးလျက်ရှိပြီးကျန် ရှိနေသည့် အသင်းသားများ၏ စုဆောင်းပေါ် အတိုးရငွေများကို လည်းဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကိုမြို့နယ် ဦးစီးအရာရှိ မသွယ်သွယ်ထွန်းထံမှသိရ သည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့်မြို့နယ်အတွင်း သမဝါယမအသင်း အမျိုးစားပေါင်း(၁၉၇)သင်း၊ China Exim Bankချေးငွေဖြင့်ဆောင်ရွက်ထားသည့်အသင်း(၁၇၄)သင်းရှိပြီး အသင်းသား တောင်သူ (၁၆၈၇၁)ဦးနှင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကာ ချေးငွေများအပြေအကြေပေးဆပ်ပြီးဖြစ်သော အသင်းပေါင်း(၁၂၄)သင်းမှ အသင်းသား (၁၁၀၈၈)ဦး၏ စုဆောင်းပေါ်အတိုးငွေကျပ်(၈၉၈၂၆၆၈၁)ကို ထုတ်ပေးလျှက်ရှိပြီး ကျန်ရှိသော အသင်းမှ အသင်းသား များ၏ စုဆောင်းပေါ်အတိုးငွေများကိုလည်း ဆက် လက်ထုတ်ပေးသွားရန်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)