မိုင်းဖြတ်၌ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ လေးဦးတို့၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့အား ပေးပို့ စစ်ဆေးထား

မိုင်းဖြတ်  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာ လေးဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးထား ကြောင်းသိရသည်။

စောင့်ကြည့်လူနာလေးဦးမှာ အသက် ၂၀ ရှိ အမျိုးသမီးမှာ အသက် ၁ နှစ် လေးလ အရွယ်ရှိ သမီးငယ်နှင့်အတူ  စက်တင်ဘာလ ၆ ရက်နေ့က မော်တော်ယာဉ်ဖြင့် ဟင်္သာတမြို့မှ မိုင်းဖြတ် မြို့သို့ ရောက်ရှိနေထိုင် သူ ၂ဦး၊ အသက် ၄၂နှစ်အရွယ် အမျိုးသားမှာ မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့မှ မိုင်းဖြတ်မြို့သို့ စက်တင်ဘာလ ၅ ရက်နေ့က မော်တော်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိပြီး စျေးတန်း (ကွက်သစ်) ရပ်ကွက်တွင် နေထိုင်သူနှင့် အသက် ၃၆ နှစ်အရွယ် အမျိုးသားမှာ မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့ လှော်ကားမှ  မိုင်းဖြတ်မြို့သို့ စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်ရောက်ရှိသူများ ဖြစ်ကြသည်။ အဆိုပါစောင့်ကြည့်လူနာ လေးဦးသည်  Home Quarantine ဖြင့် ထားရှိပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါလက္ခဏာ များ တစ်စုံ တစ်ရာမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။           

သန်းထွန်းအေး(ပြန်/ဆက်)