ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်း များအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် အုတ်ရေမြောင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၏ လမ်းညွှန်မှုဖြင့် ခရိုင်ရေစီးရေလာ စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့မှ EE ဦးသန်းအောင်ဦး တာဝန်ယူ ဆောင်ရွက်လျက်ရှိ သော ဖော့ကန်ရပ်ကွက်၊ အောင်ဇေယျာလမ်း အတွင်း အုတ်ရေမြောင်းပြုလုပ်နေသော လုပ်ငန်းအား အချိန်နှင့် တစ်ပြေးညီ ပြီးစီးရေးလုပ်ငန်းတာဝန်ခံကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)