တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Quarantine Center ဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍  Quarantine Centerကို ဥက္ကလာပဘုရားဝန်းအတွင်းရှိ ယောဂီ နှစ်ထပ်ဆောင်၌ ယမန်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ Quarantine Centerတွင် မြို့နယ်အတွင်းနေ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် အဓိက ထိတွေ့သောသူများအား ထားရှိပြီး Center၏ အပေါ်ထပ် Hallခန်းမကြီးတွင် (၆)ပေခြားဖြင့် လူဦးရေ (၂၂)ဦး (အမျိုးသားများသာ)နှင့် အောက်ထပ်တွင် ကုတင်(၂)လုံးပါ အခန်း(၁)ခန်းလျှင် (၂)ဦး နှုန်းဖြင့် (၁၄)ခန်း၊ စုစုပေါင်း လူဦးရေ(၅၀)ဦးခန့် ထားရှိနိုင်မည်ဖြစ်သည်။
ထို့နောက် Center တွင် သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖုန်းအားသွင်းရန် နေရာ၊ wifi အသုံးပြုရန် စီစဉ်ထားရှိခြင်းနှင့် စားသောက်ရေးအတွက် အလှူရှင်မရှိသည့်နေ့များတွင် မိမိအစီအစဉ် ဖြင့် လာရောက်ပို့ဆောင်စေကာ Quarantine Centerစောင့်ကြပ်သူများမှတစ်ဆင့် ပေးပို့ သွားမည်ဖြစ်ပါကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)