နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းအရ ကျေးရွာ (၁၀) ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

နတ်မောက်   စက်တင်ဘာ  ၁၇

နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း အကျေးရွာ (၁၀) ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     အဆိုပါ ကျေးရွာ (၁၀) ရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းအား ဇူလိုင်လ ဒုတိယအပတ်တွင်လည်းကောင်း၊ ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် သြဂုတ်လ ပထမအပတ်၌ လည်းကောင်း၊ ချေးငွေများအား သြဂုတ်လ ဒုတိယအပတ်တွင်လည်းကောင်း ၁၀၀ % ထုတ်ချေးပြီးကြောင်းသိရသည်

၎င်းချေးငွေများဖြင့် သိန်း (၃၀၀) (Type1) ဖြင့် ဆောင်ရွက်သော ကျေးရွာ (၈) ရွာနှင့် ကျပ်သိန်း (၂၀၀) (Type2) ဖြင့် ဆောင်ရွက်သောကျေးရွာ (၂) ရွာ စုစုပေါင်း (၁၀) ရွာအား ကျပ်သိန်းပေါင်း (၂၈၀၀) ဖြင့် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု (၇၆၇)ဦး မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ (၂၆၄) ဦး အရောင်းအဝယ် လုပ်ကိုင်သူ (၃၀) ဦး အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ (၉) ဦး စုစုပေါင်း (၁၀၇၀) ဦးတို့ဖြင့် စီမံကိန်းလုပ်ငန်းများကို အချိန်တိုအတွင်း အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်

လှဝင်း (နတ်မောက်)