ကျေးသီး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်မြို့ပေါ် (၆)ရပ်ကွက်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အ ထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထ သုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် ဘိုးဘွား တစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀/-) တိတိကို ကျေးသီးမြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀)ဦးအား လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် ရပ်ကျေးများမှ ထောက်ပံ့ငွေများကို ဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
သဲစုပိုင် (ပြန်/ဆက်)