သံတောင်ကြီးမြို့နယ်အတွင်းရှိ Quarantine Centre များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer)များအား ထောက်ပံ့ငွေပေးအပ်

သံတောင်ကြီး၊ စက်တင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ Quarantine Centre များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်း(Volunteer)များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးခြင်းဖြစ်ပြီး Quarantine Centre များတွင် လုပ်ခလစာမရရှိဘဲ လုပ်ကိုင်ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများသွားလာရေးတွင် လွယ်ကူ အဆင်ပြေစေရန်ဆိုင်ကယ်ဆီဖိုးအနေဖြင့် စက်တင်ဘာလ (၁) လစာအတွက် ထောက်ပံ့ပေးခြင်းဖြစ်  ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းထံ ကသိရှိရသည်။
ထိုနောက် သံတောင်ကြီးမြို့နယ်အတွင်း  Quarantine   Centre   များတွင် ပါဝင် ကူညီပေးသည့် စေတနာ့ ဝန်ထမ်းများအတွက် တစ်ရက် လျှင်(၁၃၅၀၀၀/)ကျပ်ဖြင့် စက်တင်ဘာလ  (၁၅) ရက်စာ (၂၀၂၅၀၀၀) ကျပ်ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊   ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ထံပေးအပ်ခဲ့ပြီး ကျန်ရှိသည့် (၁၅)ရက်စာအတွက် ထောက်ပံ့ငွေများကို စက်တင်ဘာလကုန်တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်