ဒေါ့ဖုန်းယန် စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးလက် ကျန်းမာရေးဌာနက ဖာကေကျေးရွာအုပ်စုရှိ ကျေးရွာများသို့ အသိပညာပေး နှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိန်းမွန်ကျေးရွာမှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် သားဖွားဆရာမ ဒေါ်ရီနွယ်ဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ဖာကေ၊ ပန်ကောင်းမှု၊ နောင်ဝမ့်၊ ဝိန်းမွန်ကျေးရွာများသို့ သွားရောက်ကာ Hand Speaker ဖြင့် ယခုကာလသည် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်းများနေချိန် ဖြစ်သည့်အတွက် အပြင်သို့ မဖြစ်မနေ သွားလာရာတွင် Mask တပ်ဆင်သွားကြရန်၊ အပြင်မှပြန်လာပါက လက်ကို စက္ကန့်(၂၀)ကြာအောင် ဆပ်ပြာဖြင့် ဆေးကြောရန်၊ အရေးကြီး ကိစ္စမရှိဘဲအပြင်သို့ သွားလာခြင်း မပြုလုပ်ကြဘဲ အိမ်တွင်နေထိုင်ရန်၊ သာရေးနာရေး ကိစ္စများ မဖြစ်မနေ ပြုလုပ်ရမည်ဆိုပါက လူ(၃၀)ဦး ထက်မပိုစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ဈေးရောင်းသူ/ ဈေးဝယ်သူများ အနေဖြင့် Mask မဖြစ်မနေ တပ်ဆင်ကြပါရန်၊ မိမိပတ်ဝန်းကျင်တွင် နေရပ်ပြန် (သို့မဟုတ်) ရောဂါဖြစ်လျက်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ လာရောက် နေထိုင်မှုရှိပါက သက်ဆိုင်ရာဌာန/ အုပ်ချုပ်ရေးမှူး များသို့ ချက်ချင်း သတင်းပို့ကြရန်၊ စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်အတိုင်း ဆောင်ရွက် ရောင်းချရန်၊ ရောဂါပိုးရှိသူ အတည်ပြုလူနာနှင့် ဆက်စပ်တွေ့ရှိသူများကို ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးရန်၊ အသွားအလာကန့်သတ်ခြင်း Quarantine လုပ်ငန်းစဉ်များအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အထူးလိုက်နာ ဆောင်ရွက်ကြရန် စသည့်အချက်များကို နှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြသက်( ပြန်/ဆက် )