လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်နှင့် Mask များဖြန့်ဝေ

လှိုင်းဘွဲ၊ စက်တင်ဘာ  ၁၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်နှင့်အညီ  ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်နှင့် Maskများ ဖြန့်ဝေခြင်းကို ယမန်နေ့က လှိုင်းဘွဲမြို့နယ် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးကော်မတီတို့က ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Mask များ တပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် Mask များဖြန့်ဝေခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)