ဘုတ်ပြင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၁) ဦးအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ထောက်ပံ့

ဘုတ်ပြင်း၊ စက်တင်ဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက် ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ်ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့ပေါ် ရပ်ကွက်တွင် ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် သက်ကြီးဘိုးဘွား (၉၁) ဦးအား ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို ကော့သောင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်ထွန်းဦး(ပြန်/ဆက်)