သံတောင်ကြီး၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် MCCT အကျိုးခံစားခွင့်ရှိ သူကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုထ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများဝယ်ယူနိုင်ရန်၊ အာဟာရပြည့်ဝသောအစားအစာများ ဝယ်ယူနိုင်ရန်နှင့် ကျန်းမာသန်စွမ်းသောသူများဖြစ်လာစေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂) အုပ်စုအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးများအတွက် MCCT အရ တတိယအကြိမ် အကျိုးခံစားခွင့်ရှိသူ (၉၉၂) ဦးအတွက် ငွေကျပ်(၄၄၅၀၅၀၀၀)နှင့် စတုတ္ထအကြိမ်အကျိုးခံစားခွင့်ရှိသူ (၁၀၄၂) ဦးအတွက် ငွေကျပ် (၄၆၈၉၀၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)