ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စား/ ဝတ်/ နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-) ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၅)ရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၃၉၄၁)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၇၈၈၂၀၀၀၀/-) ကျပ်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ထောက်ပံ့မှုစာရင်းတွင် ပါဝင်သော ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)