ကျောက်တန်း စက်တင်ဘာ ၁၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသ ကြီးရုံးမှ ဦးစီးအရာရှိ ဒေါ်နော်ကြူကြူဝေနှင့် တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော အသိပေးကြေညာချက်များဖြစ်သည့် လူစုလူဝေးနေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ တတ်နိုင်သမျှ မိမိအိမ်၌သာ နေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ နှာချေချောင်းဆိုးတိုင်း တစ်သျှူး(သို့မဟုတ်) လက်ကိုင်ပုဝါအသုံးပြုရန်၊ အပြင်မှ ပြန်လာတိုင်း (သို့မဟုတ်) အရာဝတ္တု များကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ခန့်ကြာအောင် သေချာစွာဆေးကြောရန်၊ ဖြစ်နိုင်ပါက ဈေးကို တစ်ပတ်(၁)ကြိမ်သာ သွားပြီး မိသားစုဝင်တစ်ဦးသာ သွားရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍ နေရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အနံ့အရသာမသိခြင်း စသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန(သို့) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော အသိပေးကြေညာချက်များပါသည့် ပိုစတာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများကိုလည်း လူစည် ကားရာနေရာများတွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)