ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်၊ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်း များကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်း၏လမ်း ညွှန်မှုဖြင့် ခရိုင်ရေစီးရေလာ စီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ EE ဦးသန်းအောင်ဦး တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဖော့ကန်ရပ်ကွက်၊အောင်ဇေယျာလမ်း အုတ်ရေမြောင်း ပြုလုပ်ခြင်းနှင့် ရွာမ ချောင်း နှုံးများ ဆယ်ခြင်း၊ချောင်းရိုးပြန်ဖော်ခြင်းအား စက်ယန္တရားဖြင့် ဆောင်ရွက်ရာ ချောင်းဧရိယာ နှင့် မလွတ်သော သစ်ပင်၊ဝါးပင်များကို မြို့နယ်ပန်းဉယျာဉ်နှင့် အားကစား ကွင်းများ ဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေးဝင်းဦးဆောင်သော အဖွဲ့မှ သစ်ခုတ်အဖွဲ့နှင့် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)