တံတား စက်တင်ဘာ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ များမှ ဝန်ထမ်းများပူးပေါင်းပြီး အောင်သီရိဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားသည့် နေရာများများ၌ ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း Mask များ အခမဲ့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြား လာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တံတားမြို့ အောင်သီရိဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်၊ ယာယီပျံကျဈေး တွင်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တစ်ဆိုင်နှင့် တစ်ဆိုင် ၆ ပေအကွာ ရောင်းချရန်၊ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်ကြရန်နှင့် နှာခေါင်းစည်း တပ်ဆင်မှု မရှိသူမျာအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်မြတ်သင်းခိုင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask အခု (၁၀၀၀) လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း(တံတား)