မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်ရန် ဆောင်ရွက်

မှော်ဘီ  စက်တင်ဘာ   ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် Quarantine Centre အဖြစ် နည်းပညာတက္ကသိုလ်၊ မြောင်းတကာစံပြကျေးရွာ တိုက်နယ်ဆေးရုံနှင့် တပ်ကြီးကုန်း အ.ထ.က ကျောင်းတို့တွင် ဆောင်ရွက်ထားရှိလျက်ရှိရာ Quarantine ဝင်နေသူများ၏ စွန့်ပစ်အမှိုက်များကို ရောဂါပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် ဘေးကင်း လုံခြုံစွာ စွန့်ပစ်နိုင်ရန် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အမှိုက်စွန့်ပစ်မည့် မြေနေရာကို လိုက်လံ ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ Quarantine ဝင်နေသူများ၏ စွန့်ပစ်အမှိုက်များကို ရောဂါကူးစက်မှုမရှိစေရန်အတွက် မြေကျင်းတူး၍ စနစ်တကျ မီးရှို့ဖျက်ဆီးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကောင်းမြတ်သူ(ပြန်/ဆက်)