ပလောက် စက်တင်ဘာလ ၁၈
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များ ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်ခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များက ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင် ၊ ဩဂုတ် နှင့်စက်တင်ဘာလ များအတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခြင်းကို ပလောက်မြို့ပေါ်ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၂၁)ဦးတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က အိမ်တိုင် ရာရောက် လိုက်လံပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် ပလောက် ပြန်/ဆက်