မုံးကိုး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ပြီး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုများ မဖြစ်မနေ လိုက်နာသင့်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူတိုင်းကို ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားထောက်ခံချက်များ စစ်ဆေးမှုပြုလုပ်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နေအိမ်ပြင်ပသို့ သွားလာပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိပါက ယခုဝယ်/ယခုတပ်စနစ် ဆောင်ရွက်မှုများကို အဖွဲ့ခွဲ၍ စနစ်တစ်ကျဆောင်ရွက်လျက် ရှိသည်။
ဆက်လက်ပြီး မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ အရှိန်အဟုန်မြင့်တင်ပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)