မိုးနဲမြို့ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

မိုးနဲ   စက်တင်ဘာ  ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကွယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ထမ်းဆောင်‌‌ နေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်း များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနေရာ၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြန်မာငြိမ်ချမ်း ရေးနှင့် လုံခြုံရေးသိပ္ပံမှ တာဝန်ရှိသူများက လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

 ယင်းသို့လှူဒါန်းရာတွင် မြန်မာငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ မပန်းမြိင်နှင့်အဖွဲ့က Cloth Mask ၅၀၀ ၊ Hand Wash ၃၀ ဘူး ၊Hand Sanitizer ၃၀ဘူး/Refill ၂၀ ဘူး နှင့် Awareness Sticker(Covid-19) ၅၀၀ ခုကို ပေးအပ်လှူဒါန်းရာ မိုးနဲ့မြို့နယ်စေတနာ့ဝန်ထမ်းအဖွဲ့ မှ ဒေါ်သန္တာလွင်(‌ခ)မစိုး နှင့်အဖွဲ့ဝင်များက လက်ခံခဲ့ ကြောင်း သိရသည်။ 

 မျိုးညွန့်ရွှေ ( မိုးနဲ)