အင်းစိန်မြို့နယ်၌ ရေမြောင်းစင်္ကြန် (Drain Platform) လုပ်ငန်း ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေမြောင်း စင်္ကြန်(Drain Platform)လုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦးမှ ဦးဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကြို့ကုန်းအနောက်ရပ်ကွက်၊ ဗဟိုလမ်းမကြီး၊ အရှေ့ဘက် ခြမ်းတွင် ရေမြောင်းစင်္ကြန် (Drain Platform) လုပ်ငန်းအား အပြီးသတ် AG ဖြင့် ကွန်ကရိလောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)