ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မိုင်းရှူးမြို့၌ ဖွင့်လှစ်ထားသည့်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

မိုင်းရှူး  စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ စည်ပင်သာယာ ကြီးကြပ်မှုအတွင်း ဖွင့်လှစ်သည့်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းနှင့် ဝန်ထမ်းများက စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၌ လက်ဆေးဘေစင်နှင့် လက်သန့် ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ ၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူများ အား တစ်ဦးနှင့် တစ်ဦးသတ် မှတ်အကွာအဝေး၊ အကာများထားရှိ ခြင်းရှိ/မရှိ၊ တည်းခိုခန်းများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိနှင ့်မုန့်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ဆံသဆိုင်ရှင်များ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ် ကြောင်း၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် ပုဂ္ဂလိကပိုင် ပြည့်စုံဈေးနှင့် စည်ပင်သာယာပိုင် မြို့မဈေးနှင့် ရွှေဟင်္သာ ဈေးတို့၌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမွ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)