လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနံရံကပ်စာစောင်ပြသခြင်းနှင့်Online တင်ဆက်မှု အသိပညာပေး ဆောင်ရွက်

ကော့ကရိတ်     စက်တင်ဘာလ    ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူကုန်ကူးမှုအန္တ ရာယ်တားဆီး ကာကွယ်ရေး နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်း နှင့်Onlineအစီအစဉ် ရိုက်ကူးတင်ဆက်မှု ကို ပြည်သူ့စာကြည့် တိုက်၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်းသိရသည်။

Onlineရိုက်ကူးတင်ဆင်မှု ကို ပြန်ဆက်ဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ခင်သီတာဆန်းက လူကုန်ကူးမှုခံရနိုင်သည့် အကြောင်းအရာဖြစ် စဉ်များ၊ ထိရောက်စွာတားဆီး ကာကွယ်နိုင်မည့် ဥပဒေများပြောကြားခဲ့ကြောင်းနှင့် ပြသထား သော နံရံကပ် စာစောင်များတွင် လူကုန်ကူးမှု တိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့၊ လူကုန်ကူးမှုမှန်သမျှ ပူးပေါင်းဝိုင်းဝန်း ဆန့်ကျင်ကြ၊ လူကုန်ကူးမှုပပျောက်ရေး ဒို့တွေပါဝင်ကူညီပေး စသည့်အကြောင်းအရာများ ပြသထားကြောင်း သိရပါသည်။

ထိုသို့ ဆောင်ရွက်ပေးရခြင်းမှာ ပြည်သူများ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို IPRD Kawkareik Page ၊ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Page မှာ ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာခြည်ဝင်း(ပြန်/ဆက်)