ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယမန်နေ့ ညနေ(၃) နာရီတွင် သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင်နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား အိမ်ထောင်စုဝင်များအား တတိယအကြိမ် ငွေကျပ်(၂၀၀၀၀) ကျပ်စီနှုန်းဖြင့် သုံးခွမြို့ပေါ် ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၄) အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၂၆၆၃၅) စုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၃၂၇၀၀၀၀၀) အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် တာ၀န်ရှိသူများကရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်