ဗန်းမောက် စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့နည်းပပျောက်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အစားအသောက် ရောင်းချသည့်ဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ ည ၈ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အတွင်းရှိ စားသောက် ဆိုင်များ၊ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် လူစု လူဝေးများ မဖြစ်ပေါ်စေရေးအတွက် အစားအသောက်ရောင်းချသည့် ဆိုင်းများအားလုံး ဆိုင်ထိုင် စားသောက်ရောင်းချခြင်းအား ယမန်နေ့မှစ၍ ယာယီပိတ်သိမ်းထားရှိပြီး ပါဆယ်စနစ် ဖြင့်သာရောင်းချကြရန် ထုတ်ပြန်ကြေ ညာခဲ့သည်။
အဆိုပါကြေညာချက်များအား လိုက်နာဆောင်ရွက်မှု ရှိစေရန်အတွက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သိကျစွာ လိုက်နာဆောင်ခြင်းမရှိသည့် အစားအသောက်ရောင်းချသည့်ဆိုင်များအား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ကျော်စွာ(ဗန်းမောက်)