နမ့်ခမ်း စက်တင်ဘာ ၁၈
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်(၉)နာရီအချိန် က လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ထုတ်ပြန်ထားသော စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်များအနေဖြင့် စားသောက်ကုန်များနှင့် ပတ်ဝန်းကျင်များ သန့်ရှင်းမှု ရှိ/မရှိကို စစ်ဆေးကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိကျလိုက်နာဆောင်ရွက်သွားရန် မှာကြားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သတ်မှတ်သည့် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ခမ့်မြို့၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့၊ စည်ပင်သာယာရေးဌာမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းပြီး ဈေးအတွင်းပိုးသတ်ဆေးဖြန်းခြင်း၊ အသိပေး နှိုးဆော်ခြင်းနှင့် အသိပေးပိုးစတာများ စိုက်ထူခြင်းတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)