ဆိပ်ဖြူမြို့နယ်တွင် ဂန္ဓမာပန်း စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူ   စက်တင်ဘာ ၁၈


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူအများသည် အခြေခံသီးနှံ စားသောက်ကုန်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချလျက်ရှိပြီး ဂန္ဓမာပန်းစိုက်ပျိုးသူများအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးသူများသည် နှစ်စဉ် ဝါဆို နှင့် ဝါခေါင်လတို့တွင် ဥယျာဉ်မြေများ၌ ဂန္ဓမာပန်းကို စတင်စိုက်ပျိုးကြပြီး ဒေသမျိုးနှင့် ပြင်ဦးလွင်မျိုး ဟူ၍ နှစ်ပျိုးစိုက်ပျိုးကြောင်း ဒေသဂန္ဓမာ ပျိုးတစ်ပင်လျှင် (၂၀)ကျပ်နှုန်း ၊ပြင်ဦးလွင်ပျိုးတစ်ပင်လျှင် (၁၅) ကျပ်နှုန်းဖြင့် ဝယ်ယူခြင်း /ရောင်းချခြင်းဖြင့် တစ်ပိုင်တစ်နိုင် ရောင်းချရန် စိုက်ပျိုးကြောင်း တစ်ဧကလျှင်  စိုက်ပျိုးမြေပြင်စရိတ် သုံးသိန်းခွဲကျပ်ခန့် ကုန်ကျကာ  ရေသွင်း‌ေပါင်တန်းစနစ်ဖြင့် ၆လက်မခြား အပင်ရေ လေးသောင်းနှုန်းဖြင့် စိုက်ပျိုးကြကြောင်း ၊စိုက်ပျိုးပြီး (၃)လ အကြာတွင် စတင်ဖူးပွင့်ရောင်းချရကြောင်း ဒေသမျိုးကို စိုက်ပျိုးသူနည်းပါးပြီး ပြင်ဦးလွင်မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း ဒေသဂန္ဓမာပန်း မျိုးမှာ တစ်ကြိမ်သာ ခူးဆွတ်ရောင်းချရပြီး ရာသီဥတုဒဏ် ခံနိုင်မှုအားနည်းကာ ပြင်ဦးလွင် ဂန္ဓမာမျိုးမှာ သုံးကြိမ်ခူးဆွတ်ရောင်းချရသည့်အတွက် အများဆုံး စိုက်ပျိုးကြောင်း မကြာမီကာလ တော်သလင်းလလယ်ပိုင်းတွင်ဒေသဂန္ဓမာပန်းများ လှိုင်လှိုင် ပေါတော့မည်ဖြစ်ပြီး  ဈေးရရှိရန်အတွက်လည်း မျှော်လင့်မိကြောင်း ယခင်နှစ်များက ပန်းပေါသည့် ရာသီကာလတွင် အမြတ် အနည်း သာရှိပြီး အရှုံးမရှိ ရောင်းချခဲ့ရကြောင်း လက်ရှိမှာ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသည့်အတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် ပန်းများကို လှိုင်လှိုင်ပေါချိန်တွင် ဈေးကွက်အေးအရောင်းအဝယ်ပါးမည်ကိုတော့ စိုးရိမ်မိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးသည့်တောင်သူများထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)