ချောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်ပြုလုပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် ချောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက မြို့နယ်အတွင်းရှိ မြို့ ပေါ် ရပ်ကွက်(၂၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၂၅၂၂၉)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၀၄၅ ဒဿမ ၈၀ သိန်းကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လက်ဝယ်သို့ အရောက်ပေးအပ်ခဲ့ပြီး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများက ပုံမှန် ၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)