ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၈
ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ကော့ သောင်းခရိုင်၊ ပြည်ကြီး မဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု၊ တောင်ငယ်ကျေးရွာရှိ ပြည်သူများရောဂါ ကူးစက်မှုမှ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရေးကို ယမန်နေ့ ၁၁နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဌာနဆိုင်ရာအဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၊လူမှုရေးအဖွဲ့တို့နှင့်ပူးပေါင်း၍စားသောက် ဆိုင်၊ လက်ဖက်ရည်ဆိုင် ၊ ကုန်စုံဆိုင်နှင့်ကွမ်းယာဆိုင်များ ကျန်းမာရေးလမ်းညွှန်ချက်များ အားလိုက်နာရေး ၊Maskတပ်ဆင်ရေး၊Face Shield များတပ်ဆင် နေထိုင်သွားလာရေး၊ (၆)ပေအကွာမှစျေးရောင်းချရေး၊ စျေးဆိုင် အရှေ့တွင် လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာရည်၊ လက်သန့်ဆေးရည်များထားရှိရေးတို့ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကွင်းဆင်းဆောင်ရွက်ပေးပြီး လမ်းသွားလမ်းလာခရီး သွားများအား Maskတပ်ဆင်ပေးခြင်း ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးကြောင်းသိရသည်။
မျိုးလွင်(ပြန်/ဆက်)