မိုင်းပန်မြို့တွင် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် Thermometer များ ထပ်ဆင့်ပေးအပ်

မိုင်းပန်    စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်ပန်ခန်းမအတွင်းတွင် ယနေ့နေ့လည် (၃)နာရီအချိန် က ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန် Medical Forehead Infrared Thermometer များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၁၄) ဦးထံသို့ ထပ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Medical Forehead Infrared Thermometer များအား ထောက်ပံ့ပေးသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတောအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုထံသို့ ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းစာရင်း ကောက်ခံရာတွင်လည်းကောင်း၊ CERP အစီအစဉ်အရ ငွေကြေးထောက်ပံ့ရာတွင်လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရာတွင် လည်းကောင်း များစွာအထောက်အကူပြု လျက်ရှိပါကြောင်း သိရသည်။

ဆန်းမြင့်(မိုင်းပန်)