ရေစကြို စက်တင်ဘာ ၁၈
ရေစကြိုမြို့နယ်၌ ကိုဗစ်-၁၉ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ ထောက်ပံ့မှုကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ရေစကြိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်မင်း နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရပ်ကွက်၊ကျေးရွာရှိ အိမ်ထောင်စု(၂၆၂၇၉)စုအတွက် စုစုပေါင်းငွေကျပ် ၅၂၅၅၈၀၀၀၀/-ကိုသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက်ပြန်လည် ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရသည်။
အေးသန်း(ပြန်/ဆက်)