အလုံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှူရေးပင်စင်ထောက်ပံ့ ပေးအပ်

အလုံ စက်တင်ဘာ ၁၈


ရန်ကုန်အအနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ အား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေလယ်ပိုင်း သစ်တော ကွက်တွင်  ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက (၃)လတစ်ကြိမ်  ထောက်ပံ့ပေးအပ်လျက်ရှိရာ တစ်ဦးလျှင်(၃၀၀၀၀) ကျပ်နှုန်းဖြင့် သက်ကြီးဘိုး ဘွား(၁၀)ဦးအတွက် စုစုပေါင်း(၃၀၀၀၀၀)ကျပ်ကို လက်ဝယ် အရောက် ထောက်ပံ့ခဲ့ကြောင်း သစ်တော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ပြောကြားသည်။
ဆက်လက်၍ သက်ကြီးဘိုးဘွားများ မကျန်ရှိစေရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပြီး အိမ်တိုင်ရာ ရောက်ထောက်ပံ့ခြင်း ဖြစ်ကြောင်း သိရသည်။
တင်တင်ချို (အလုံ)