လမ်းမတော် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်က စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၉၀ စု အတွက် စုစုပေါင်းငွေကျပ် ၅၈ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်