ဒဂုံ(အရှေ့) စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်အတွင်းရှိ လမ်းများ၌ Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေးအဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက် အသီးသီးမှ စေတနာရှင်များက ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် Lock Down ချသည့် ရပ်ကွက်များအတွင်းရှိ လမ်းများအတွင်း လတ်တလော စားဝတ်နေရေးအဆင်ပြေစေရန် Quarantine ဝင်နေသော အိမ်ထောင်စုများအား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ဆရာတော်၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက်အတွင်းနေ စေတနာရှင်ပြည် သူများမှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာဘူး၊ ခေါက်ဆွဲခြောက်ထုပ်၊ အချိုမှုန့်များ၊ နှာခေါင်းစည်း Masks များ၊ အသီးသီးလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)