အင်းလေးကန်ထိန်သိမ်းရေးအတွက် လှူဒါန်းထားသည့် ဗေဒါရှင်းစက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရေး အစည်းအဝေးပြုလုပ်

ညောင်ရွှေ     စက်တင်ဘာ     ၁၈

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ဗေဒါနှင်ဒိုက်များရှင်းလင်းရေးအတွက် တပ်မတော်မှ ဗေဒါရှင်းစက်(၂)စီး ပေးအပ်လှူဒါန်းထားရာ အဆိုပါစက်များ ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရေး အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခန့်က ညောင်ရွှေ မြို့၊ အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ရုံးခန်းမ၌ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးတက်ထွန်းက အမှာစကား ပြောကြား ပြီး အင်းလေးကန် ရေသန့်ရရှိရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာချစ်ရီက အစည်းအဝေး ခေါ်ယူရခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်ပြောကြားခဲ့သည်။

ထို့နောက် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ဦးတင်စိုးက စက်များစမ်းသပ်မောင်းနှင်ရာမှ ရရှိသည့်အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက် ရောက်လာ သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းအသီးသီးမှ ဗေဒါရှင်းစက် ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ငန်း ကော်မတီ ဖွဲ့စည်းတာဝန် ပေးအပ် ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဗေဒါရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ရေး အစရှိသည့် အထွေထွေ ကိစ္စရပ် များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ