အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်းရှိစားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေး အကြောင်းကြားစာ ပေးပို့ခြင်းနှင့် အသိပညာပေးခြင်းများ‌ ဆောင်ရွက်

အင်္ဂပူ  စက်တင်ဘာ   ၁၈

အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်း ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေး အကြောင်းကြားစာ ပေးပို့ခြင်းနှင့်အသိပညာခြင်းကို ယနေ့နံနက်၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ‌ ဆောင်ရွက်ရာသို့ ထူးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ထူးကြီးမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချစေရေး အကြောင်းကြားစာပေးပို့ခြင်းနှင့် အသိပညာခြင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)