ခရမ်းမြို့နယ်တွင် အသက်(၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ခရမ်း စက်တင်ဘာ  ၁၈


ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား ၃ လတစ်ကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိရာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ပံ့ပိုးပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ခရမ်းမြို့နယ်အတွင်းရှိ ဘိုးဘွား(၇၄၂)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၂၂ ၂၆၀၀၀၀) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာနမှ တစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။
ကိုမင်း (ခရမ်း)