ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၉
ကမ္ဘာပေါ်တွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ကမ္ဘာ့နိုင်ငံ (၁၆၈) နိုင်ငံတွင် ဖြစ်ပွားနေသည်ဖြစ်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပေး နှိုးဆော်ချက်များကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ နေ့စဉ် ရပ်ကွက်၊ ကျေးရွာများအတွင်း ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ယာယီပျံကျဈေးတွင် ကျန်းမာရေးဝန်ထမ်းများက လွန်ခဲ့သော (၁၄)ရက်အတွင်း ရောဂါကူးစက်မှုဖြစ်ပွားနေသော ဒေသများသို့ ခရီးသွားလာခဲ့ ခြင်း(သို့မဟုတ်) ကိုဗစ်ရောဂါဖြစ်ပွားနေသည်ဟု အတည်ပြုခံရသူများနှင့်ထိတွေ့ခဲ့သူများ၊ အပူချိန် မြင့်တက်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ကာ ဆေးကုသမှုခံယူရေး၊ မိမိ ပတ်ဝန်းကျင်တွင် သံသယလူနာများ၊ ခရီးသွားများ ရှိပါက သက်ဆိုင်ရာ သို့သတင်းပေးပို့ရေး၊ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာကြရေးတို့အတွက် အသိပေးနှိုးဆော်ကြေညာ ပေးခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)