ဟုမ္မလင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အသုပ်စုံဆိုင်များတွင် Take-away ပါဆယ်စနစ်ဖြင့် ရောင်းချကြရန် အသိပေးနှိုးဆော်

ဟုမ္မလင်း       စက်တင်ဘာ         ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ လူကြီးမင်းတို့၏ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အသုပ်စုံဆိုင်များကို စက်တင်ဘာ (၁၈)ရက်နေ့မှစ၍  လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ Take-away ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ကြေးတပ်ရိုက်ခြင်း၊ တတိယအကြိမ် ဆိုင်ပိတ် သိမ်းစေခြင်းတို့ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲတွင် မြို့တွင်းကားဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)