မုံရွာ စက်တင်ဘာ ၁၉
၂၀၂၀-ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် အားကစားတာဝန်ခံများ အနေဖြင့် မိမိတို့၏ အားကစားကွင်းများ၊ အားကစားရုံများ သန့်ရှင်းသာယာ စိမ်းလန်းစိုပြည်စေရန် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုပြိုင်ပွဲအား စက်တင်ဘာ ၂၁ ရက်နေ့မှ (၂၅)ရက်နေ့အထိ အားကစားကွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် ဓာတ်ပုံ တစ်ပုံစီနှင့် အားကစားရုံ(အတွင်း/အပြင်) ဓာတ်ပုံ နှစ်ပုံစီတို့အား Sagaing Sport တွင် ပေးပို့တင်ပြ ယှဉ်ပြိုင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူးပြီး ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်ကြည်လင် ပေါ့ပါးသွက်လက်စေရန် ရည်ရွယ်၍ မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲများကို စက်တင်ဘာ ၂၃ ရက်နေ့မှ (၂၅)ရက်နေ့အထိ ပြိုင်ပွဲများကျင်းပပြုလုပ်၍ ပြိုင်ပွဲများအလိုက် ပထမဆု ငွေကျပ်သုံသိန်း၊ ဒုတိယဆု ငွေကျပ်နှစ်သိန်း၊ တတိယဆု ငွေကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုတွင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် (၅)ဆုအထိ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ထွန်းကိုကို(ယင်းမာပင်)